G7 ထိပ်သီးဆွေးနွေးပွဲ အကြို ကိယက်ဗ်မြို့တော်ကို ရုရှား အပြင်းအထန် တိုက်ခိုက်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - En podkast av BBC Burmese Radio

Podcast artwork

G7 ထိပ်သီးဆွေးနွေးပွဲ အကြို ကိယက်ဗ်မြို့တော်ကို ရုရှား အပြင်းအထန် တိုက်ခိုက် - ကိယက်ဗ် ဒေသတခွင် ပစ်မှတ်ထားပြီး မစ်ဆိုင်းဒုံးကျည်တွေနဲ့ ရုရှား ပစ်ခတ်တိုက်ခိုက်၊ လူနေအဆောက်အဦးတစ်လုံး ထိမှန်ခံရလို့ အသေအပျောက်ရှိ - ရုရှားအပေါ် အရေးယူရေး အစီအစဥ်သစ် ထပ်တိုးလုပ်ဆောင်လာမယ့် G7 ထိပ်သီးဆွေးနွေးပွဲ ကျင်းပတော့မယ့် အချိန် မော်စကိုဘက်က အခုလို လုပ်ဆောင်တာဖြစ် - မြန်မာဘက်က ပြန်မခေါ်သေးတဲ့ အတွက် ထိုင်းထောင်တွေထဲ လွတ်ရက်စေ့နေပေမယ့် ဆက်ပြီး နေနေကြရတဲ့ မြန်မာ အယောက် လေးထောင်ကျော် ရှိနေ - ဖားကန့်ဒေသမှာ မေနဲ့ဇွန် နှစ်လထဲမှာတင် သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခံရသူ အနည်းဆုံး ၁၀ ဦး ရှိ၊ တခြား ခိုးဆိုးလုယက် ရာဇဝတ်မှုတွေလည်း ထူပြောနေလို့ ကိုယ့်အိမ်ထဲ ကိုယ်နေရင်တောင် လုံခြုံမှု ရှိတယ်လို့ မခံစားရဘူး ဆိုပြီး ဒေသခံတွေပြော .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site